ဇန်နဝါရီ ၂၉၊ နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်း များပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို အတည်ပြုပြဌာန်းခဲ့ ပြီးနောက် အဆိုပါမဟာဗျူဟာ အား အကောင်အထည်ဖော်ရန်လက်ရှိ ဆောင်ရွက်နေသည့် အခြေအနေများ၊ ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့် လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ရေရှည်ဘဝရပ်တည်မှု အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် မိုင်းအန္တရာယ်ရှိသည့် နေရာများတွင် လူသားချင်း စာနာထောက်ထားမှုကို ရှေးရှုသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကြီးကြပ်ကွပ်ကဲပေးနိုင်မည့် မိုင်းအန္တရာယ်ဆိုင်ရာ အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေး လက်ရှိဆောင်ရွက်နေမှုများနှင့် အပြည်ပြည်ဆိုင်ရာ မိုင်းကင်းစင်ရေးစာချုပ်၏ လက်ရှိဥက္ကဌဖြစ်သူ နော်ဝေနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jan2020
Source: MOSWRR