Category Archives: News
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့့် ဘူးသီးတောင်မြို့နယ် ၊ စေတီတောင် ကျေးရွာနှင့် ဖုံညိုလိပ် (ဘင်္ဂါလီ) ကျေးရွာ၊ စုရပ်စခန်း (၂) တွင် ရိက္ခာထပ်မံလိုအပ်လျက်ရှိ သော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၆၃၈)၊ လူဦးရေ (၃၁၆၄) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ၊ ဆန် (၄၆၁) အိတ်၊ (၁၀) ပြည်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_otr … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရွှေပြည်လမ်းလူငယ်စုပေါင်းအဖွဲ့နှင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)တို့အား သီးခြားစီလက်ခံတွေ့ဆုံ
ဇန်နဝါရီ ၃၀ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရွှေပြည်လမ်းလူငယ်စုပေါင်းအဖွဲ့နှင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ ဥက္ကဌဉီးမြတ်သူဝင်းနှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။ ရွှေပြည်လမ်းလူငယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် အဆိုပါလူငယ်အဖွဲ့အစည်းအနေဖြင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုး ပေါင်းစုံဖြင့် သဟဇာတမျှတစွာဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေကြောင်း၊ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တွေ့ရှိချက်များနှင့် သဘော ထား အမြင်များအား ပြည်ထောင်စုဝန်ကြီးထံ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁) နှင့် အမှတ်(၂) ကျောင်းမှ ကျောင်းသား / သူ စုစုပေါင်း (၉၀၀) ဦးတို့အား သဘာဝဘေး အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ )
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀- ၁- ၂၀၂၀) ရက်နေ့၊ နေ့လည် (၁၃ : ၀၀) နာရီအချိန်မှ (၁၅ : ၀၀) နာရီအချိန်အထိ ကျိုင်းတုံခရိုင်၊ လွိုင်မွေမြို့ ၊နောင်လျန်(၃) ရွာတွင် ရွာသူ/ရွာသား (၁၀၀) ဉီးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြော ပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား လက်ခံတွေဆုံ
ဇန်နဝါရီ ၃၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင် သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ မဟာဗျူဟာ အတည်ပြုပြဌာန်းခဲ့ပြီးနောက် အဆိုပါမဟာဗျူဟာပါ အချက်အလက်များအား သက်ဆိုင်ရာပြည်နယ် အစိုးရများ၊ ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ မျှဝေခဲ့မှုများ၊ မဟာဗျူဟာ အကောင်အထည်ဖော်ရေး … Read more
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၃၀- ၁- ၂၀၂၀) ရက်နေ့၊ (၁၄ : ၀၀) နာရီအချိန်မှ (၁၅ : ၃၀) နာရီအချိန်အထိ မျှော့ဝမ်းကျေးရွာအုပ်စု၊ မျှော့ဝမ်းကျေးရွာ၊ မူလတန်းကျောင်း၌ ကျောင်းသား / သူများနှင့် ကျေးရွာသူ / သားများ၊ စုစုပေါင်း (၁၅၉) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဟောပြော ဆွေးနွေးခြင်း၊ သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာအုပ်စု၊ ပန်းပုကွင်းကျေးရွာတွင် (၂၈.၁.၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးကြောင့် မီးလောင်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀ဝ/-) ကျပ်၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၂၁၀ဝ/-)ကျပ်၊ ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၅၂၁၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာ (၃၂၃၅၃/-)ကျပ်တို့ကို (၃၀.၁.၂၀၂၀)ရက်နေ့ (၁၇:၁၅)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ha_fir #ayy_jan2020 Source: … Read more
-
မီးဘေးထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ် ပေကုန်းကျေးရွာ အုပ်စု၊ ပညှင်းကျေးရွာ၌ (၂၉-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့် နေအိမ် (၃) လုံး ၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ(၁၅) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ( ၃၁,၅၀၀/- )ကျပ် ၊ စုစုပေါင်းရန်ပုံငွေ (၅၃၁,၅၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၂၀) ရက်နေ့၊ (၁၁ : ၀၀) နာရီအချိန်မှ (၁၂ : ၃၀)နာရီအထိ သာယာဝတီခရိုင်၊ ကြို့ပင် ကောက်မြို့နယ်၊ ကျောက်ဝကျေးရွာအုပ်စု၊ အနောက်ရှားဖြူကုန်းကျေးရွာ၊ ရတနာမှန်ဘုန်း တော်ကြီးကျောင်းဓမ္မာရုံတွင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်မိရပ်ဖများ၊ ကျေးရွာများအတွင်း ရှိပြည်သူများနှင့် အနောက်ရှားဖြူကုန်းကျေးရွာ၊ အထက်တန်းကျောင်းခွဲရှိ ဆရာ/ ဆရာမ များ၊ ကျောင်းသား / သူများ၊ စုစုပေါင်းတက်ရောက်လာသူ … Read more
-
ငလျင်ဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) အချိန်မှ (၁၄:၃၀) နာရီအချိန်ထိ အ.ထ.က တောင်ပေါ်ကြီး ပင်းတယမြို့နယ်၌ ကျောင်းသား/သူ (၂၅၀) ဦးအား ငလျင်ဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ပညာပေးဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_jan2020









