လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၂၀) ရက်နေ့၊ (၁၁ : ၀၀) နာရီအချိန်မှ (၁၂ : ၃၀)နာရီအထိ သာယာဝတီခရိုင်၊ ကြို့ပင် ကောက်မြို့နယ်၊ ကျောက်ဝကျေးရွာအုပ်စု၊ အနောက်ရှားဖြူကုန်းကျေးရွာ၊ ရတနာမှန်ဘုန်း တော်ကြီးကျောင်းဓမ္မာရုံတွင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်မိရပ်ဖများ၊ ကျေးရွာများအတွင်း ရှိပြည်သူများနှင့် အနောက်ရှားဖြူကုန်းကျေးရွာ၊ အထက်တန်းကျောင်းခွဲရှိ ဆရာ/ ဆရာမ များ၊ ကျောင်းသား / သူများ၊ စုစုပေါင်းတက်ရောက်လာသူ (၂၀၀) ဦး ကျော်တို့အား ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ငလျင်ဘေးဗီနိုင်း ၊ရေဘေးဗီနိုင်း၊ (မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေးပိုစတာများ) အားရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆရာ / ဆရာမများအားပေးအပ်ခြင်း ၊တက်ရောက်လာသူ များအား ငလျင်ဘေးယပ်တောင်၊ ငလျင်အသိပညာပေးစာအုပ်များ၊ လက်ကမ်းစာစောင် များနှင့် မုန့့်များဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#bgo_jan2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ )