တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

 

31_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့့် ဘူးသီးတောင်မြို့နယ် ၊ စေတီတောင် ကျေးရွာနှင့် ဖုံညိုလိပ် (ဘင်္ဂါလီ) ကျေးရွာ၊ စုရပ်စခန်း (၂) တွင် ရိက္ခာထပ်မံလိုအပ်လျက်ရှိ သော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၆၃၈)၊ လူဦးရေ (၃၁၆၄) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ၊ ဆန် (၄၆၁) အိတ်၊ (၁၀) ပြည်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ha_otr

#rke_jan2020

Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ )

 

 

Sign Up

Upcoming Events