လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀- ၁- ၂၀၂၀) ရက်နေ့၊ နေ့လည် (၁၃ : ၀၀) နာရီအချိန်မှ (၁၅ : ၀၀) နာရီအချိန်အထိ ကျိုင်းတုံခရိုင်၊ လွိုင်မွေမြို့ ၊နောင်လျန်(၃) ရွာတွင် ရွာသူ/ရွာသား (၁၀၀) ဉီးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြော ပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#shn_jan2020
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ )