ဇန်နဝါရီ ၃၀၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင် သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ မဟာဗျူဟာ အတည်ပြုပြဌာန်းခဲ့ပြီးနောက် အဆိုပါမဟာဗျူဟာပါ အချက်အလက်များအား သက်ဆိုင်ရာပြည်နယ် အစိုးရများ၊ ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ မျှဝေခဲ့မှုများ၊ မဟာဗျူဟာ အကောင်အထည်ဖော်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်အတွက် အရေးပါသည့် မိုင်းအန္တရာယ်ကင်းစင်ရေး ဆောင်ရွက် နေမှုများ၊ မဟာဗျူဟာပါ လမ်းညွှန်ချက်များနှင့်အညီ ကချင်ပြည်နယ်ရှိ ဒေသအချို့နှင့် ရခိုင်ပြည်နယ်ရှိဒေသအချို့တွင် ယာယီခိုလှုံရာစခန်းများ စတင်ပိတ်သိမ်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှုများ၊ အမျိုးသမီးများ၏အခွင့်အရေး၊ ကလေးသူငယ်များ၏အခွင့်အရေးများ ဖော်ဆောင်၍ တိုးမြှင့်ဆောင်ရွက်ပေးရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများချမှတ်ဆောင်ရွက်ပေးနေမှု များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုများ၊ အာဆီယံနိုင်ငံများမှလည်း ဆက်လက်ကူညီဆောင်ရွက်ပေးမှုများ၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိ နေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင်ရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ရခိုင် ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက် နေမှုများ၊ မြန်မာနိုင်ငံအစိုးရမှ ဖွဲ့စည်းခဲ့သည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ ပေါ်ထွက်လာပြီးနောက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ဆောင်ရွက်မှုများကို နိုင်ငံတကာအသိုက်အဝန်းမှ သိရှိနားလည်နိုင်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1_otr
Source: MSWRR