မီးဘေးထောက်ပံမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ် ပေကုန်းကျေးရွာ အုပ်စု၊ ပညှင်းကျေးရွာ၌ (၂၉-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့် နေအိမ် (၃) လုံး ၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ(၁၅) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ( ၃၁,၅၀၀/- )ကျပ် ၊ စုစုပေါင်းရန်ပုံငွေ (၅၃၁,၅၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ (၁) ပုံးနှင့် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးပါ (၂) ပုံးတို့အားတို့အား (၃၀-၁-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fir
#mgy_jan2020

Sign Up

Upcoming Events