ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရွှေပြည်လမ်းလူငယ်စုပေါင်းအဖွဲ့နှင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)တို့အား သီးခြားစီလက်ခံတွေ့ဆုံ

31_Pic_02

ဇန်နဝါရီ ၃၀ ၊ နေပြည်တော်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရွှေပြည်လမ်းလူငယ်စုပေါင်းအဖွဲ့နှင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ ဥက္ကဌဉီးမြတ်သူဝင်းနှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။

ရွှေပြည်လမ်းလူငယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် အဆိုပါလူငယ်အဖွဲ့အစည်းအနေဖြင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုး ပေါင်းစုံဖြင့် သဟဇာတမျှတစွာဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေကြောင်း၊ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တွေ့ရှိချက်များနှင့် သဘော ထား အမြင်များအား ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်း အားလုံးအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး စသည့်လုပ်ငန်းများ၊ လူမှုသဟဇာတ မျှတရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ စသည့်နယ်ပယ်များတွင် နိုင်ငံတော်က လက်တွေ့ကျသော လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုများကို ပြောကြားခဲ့ပြီး တက်ရောက်လာသော လူငယ်အဖွဲ့ဝင်များက သိရှိလိုသော မေးမြန်းသည့်အချက်များကို ပြန်လည် ဖြေကြားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး လူငယ် များက ပူးပေါင်း ဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်။

ထို့နောက် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဌဖြစ်သူ ဉီးမြတ်သူဝင်း ဉီးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် မသန်စွမ်း လူငယ်များအတွက် ICT နည်းပညာများ ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ နှစ်စဉ်ကျင်းပလေ့ရှိသည့် Global IT Challenge for Youth with Disabilities အား ကိုးရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ မသန်စွမ်း လူငယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုရရှိခဲ့မှုအခြေအနေများ၊ အဆိုပါပွဲအား ၂၀၂၀ ခုနှစ်၌ မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအနေဖြင့် လက်ခံကျင်းပရန် အဆိုပြုနိုင်မည့် အခြေအနေများ၊ မသန်စွမ်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင် မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_jan2020

 source:  MSWRR

Sign Up

Upcoming Events