Category Archives: News
-
သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီ အချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဝမ်ဖြစ်ကျေးရွာအုပ်စု၊ ဝမ်ဖြစ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျေးရွာနေ ပြည်သူလူထု စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး အကြောင်း ဆောင်ရန်/ ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထား … Read more
-
ကျောင်းသား၊ကျောင်းသူများအားသဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀ ) ရက်နေ့တွင် ကလေးမြို့ အ.ထ.က (၆) ကျောင်း၌ ကျောင်းသား/ သူ (၂၅၀) ခန့်အား သဘာဝ ဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_feb2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လ
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရသီရိခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)အချိန်မှ (၁၅:၃၀)အချိန်အထိ တပ်ကုန်းမြို့နယ်၊ အ.ထ.က(၂)စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၃၀၀)ဦးအား သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက် လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရသီရိခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #npw_feb 2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်မှ (၁၄:၃၀)နာရီအချိန်အထိ ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအုပ်စု အ.ထ.က(ဆင်ထဲ)တွင် ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးတို့ဖြင့် သဘာဝဘေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်းနှင့် ကျောင်းအုပ်ဆရာမကြီး ထံသို့ ငလျင်ဘေးဗီနိုင်းပိုစတာ(၁)ခုနှင့် ဗလာစာအုပ်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)နာရီမှ (၁၂:၃၀)နာရီအထိ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အ-ထ-က(ညောင်ကိုင်း)ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၄၃၂)ဦးတို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_feb 2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀ )ရက်နေ့၊ နံနက် (၁၁:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေကျေးရွာ၊အလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့်ဆရာ/ဆရာများနှင့် ကျောင်းသား/သူ (၁၃၀)ဦးခန့်အား လက်ကမ်းစာစောင်များဝေငှပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #rke_feb2020
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀ )ရက်နေ့တွင် ဘားအံမြို့နယ်၊ အ.ထ.က(ဒုံရင်း)ကျောင်း၌ ကျောင်းသား/သူ (၄၀၀)ခန့်အား သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_feb2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
IDPsစခန်းများအတွက် ခေါက်ဆွဲခြောက်ဖိုးငွေ ထောက်ပံ့ပြီးစီးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးညှင်းခရိုင်တွင်းရှိ မိုးညှင်းမြို့နယ် IDPsစခန်း(၂)ခုမှ အိမ်ထောင်စု(၃၂)စု လူဦးရေ(၁၇၂)ဦးတို့အတွက် ခေါက်ဆွဲခြောက်ဖိုးငွေ (၁၅၄၈၀ဝိ/-)အား (၅-၂-၂၀၂၀)ရက်နေ့ (၁၄း၀၀)အချိန်တွင်လည်းကောင်း၊ မိုးကောင်းမြို့နယ် IDPsစခန်း(၃)ခုမှ အိမ်ထောင်စု(၃၈)စု လူဦးရေ(၁၉၀)ဦးတို့အတွက် ခေါက်ဆွဲခြောက်ဖိုးငွေ (၁၇၁၀၀ဝိ/-)အား (၆-၂-၂၀၂၀)ရက်နေ့ (၁၁း၀၀)အချိန်တွင်လည်းကောင်း၊ ဖားကန့်မြို့နယ် IDPsစခန်း(၁၇)ခုမှ အိမ်ထောင်စု(၆၇၇)စု လူဦးရေ(၃၅၀၄)ဦးတို့အတွက် ခေါက်ဆွဲခြောက်ဖိုးငွေ (၃၁၅၃၆၀ဝိ/-)အား (၇-၂-၂၀၂၀)ရက်နေ့ (၁၁း၃၀)အချိန်တွင်လည်းကောင်း၊ စုစုပေါင်းIDPsစခန်း (၂၂)ခု အိမ်ထောင်စု(၇၄၇)စုမှ လူဦးရေ(၃၈၆၆)ဦးအတွက် ခေါက်ဆွဲခြောက်ဖိုးငွေ (၃၄၇၄၉၀ဝိ/-)အား ထောက်ပံ့ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊ နံနက် ( ၁၁:၀၀) နာရီအချိန်တွင် မိုင်းဆတ်ခရိုင်၊ မိုင်ဟန်ကျေးရွာအတွင်းရှိ အမကကျောင်း၌ ကျောင်းသား/ကျောင်းသူ ( ၅၀ )ဦးအား မီးဘေးနှင့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_feb 2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူအတွက်သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊ (၀၃:၄၀) နာရီအချိန်၌ ပျော်ဘွယ်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေး(၁)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ(၁)အိမ် ထောင်စုစာ၊ စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ဖိုးငွေ (၁၄၈,၂၅၃/-)ကျပ်တိတိအား (၁၃:၁၅)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy _feb2020









