လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀ )ရက်နေ့တွင် ဘားအံမြို့နယ်၊ အ.ထ.က(ဒုံရင်း)ကျောင်း၌ ကျောင်းသား/သူ (၄၀၀)ခန့်အား သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#krn_feb2020
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)