
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊ (၀၃:၄၀) နာရီအချိန်၌ ပျော်ဘွယ်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေး(၁)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ(၁)အိမ် ထောင်စုစာ၊ စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ဖိုးငွေ (၁၄၈,၂၅၃/-)ကျပ်တိတိအား (၁၃:၁၅)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mdy _feb2020