လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးညှင်းခရိုင်တွင်းရှိ မိုးညှင်းမြို့နယ် IDPsစခန်း(၂)ခုမှ အိမ်ထောင်စု(၃၂)စု လူဦးရေ(၁၇၂)ဦးတို့အတွက် ခေါက်ဆွဲခြောက်ဖိုးငွေ (၁၅၄၈၀ဝိ/-)အား (၅-၂-၂၀၂၀)ရက်နေ့ (၁၄း၀၀)အချိန်တွင်လည်းကောင်း၊ မိုးကောင်းမြို့နယ် IDPsစခန်း(၃)ခုမှ အိမ်ထောင်စု(၃၈)စု လူဦးရေ(၁၉၀)ဦးတို့အတွက် ခေါက်ဆွဲခြောက်ဖိုးငွေ (၁၇၁၀၀ဝိ/-)အား (၆-၂-၂၀၂၀)ရက်နေ့ (၁၁း၀၀)အချိန်တွင်လည်းကောင်း၊ ဖားကန့်မြို့နယ် IDPsစခန်း(၁၇)ခုမှ အိမ်ထောင်စု(၆၇၇)စု လူဦးရေ(၃၅၀၄)ဦးတို့အတွက် ခေါက်ဆွဲခြောက်ဖိုးငွေ (၃၁၅၃၆၀ဝိ/-)အား (၇-၂-၂၀၂၀)ရက်နေ့ (၁၁း၃၀)အချိန်တွင်လည်းကောင်း၊ စုစုပေါင်းIDPsစခန်း (၂၂)ခု အိမ်ထောင်စု(၇၄၇)စုမှ လူဦးရေ(၃၈၆၆)ဦးအတွက် ခေါက်ဆွဲခြောက်ဖိုးငွေ (၃၄၇၄၉၀ဝိ/-)အား ထောက်ပံ့ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#kcn_feb2020
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)