သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

7_Pic_03 7_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရသီရိခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)အချိန်မှ (၁၅:၃၀)အချိန်အထိ တပ်ကုန်းမြို့နယ်၊ အ.ထ.က(၂)စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၃၀၀)ဦးအား သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက် လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဥတ္တရသီရိခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#npw_feb 2020

 

Sign Up

Upcoming Events