လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊ နံနက် ( ၁၁:၀၀) နာရီအချိန်တွင် မိုင်းဆတ်ခရိုင်၊ မိုင်ဟန်ကျေးရွာအတွင်းရှိ အမကကျောင်း၌ ကျောင်းသား/ကျောင်းသူ ( ၅၀ )ဦးအား မီးဘေးနှင့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_feb 2020
Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)