
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀ )ရက်နေ့၊ နံနက် (၁၁:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေကျေးရွာ၊အလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့်ဆရာ/ဆရာများနှင့် ကျောင်းသား/သူ (၁၃၀)ဦးခန့်အား လက်ကမ်းစာစောင်များဝေငှပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_feb2020