Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၀-၂-၂၀၂၀)ရက်နေ့(၁၀း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်ထိ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေ (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေသည် ဆိုးကျိုးများနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟာပြောပွဲပြုလုပ်ခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_feb 2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖာပွန်မြို့၊ အမှတ် (၂) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်း၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားဝင်းအရှေ့၌ မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_feb2020 Source: ဖာပွန်ခရိုင်ဦးစီးမှုးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၂-၂၀၂၀) ရက်နေ့တွင် ရွှေကျင်မြို့နယ်ကံဘေးအိုင်ကျေးရွာအုပ်စု၊ ကျောက်လုံးကြီးကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီအဖွဲ့၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထူ အင်အားစုစုပေါင်း (၅၀၀) ဦး ခန့်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။ လေ့ကျင့်ခန်းတွင် ရေကြီးခြင်း သတိပေးချက်ရရှိပါက ပြုလုပ်ရမည့်အချက်များ၊ ရှာဖွေကယ်ဆယ်ရေးပြုလုပ်ပုံများ၊ စခန်းသို့ ရွှေ့ပြောင်းမှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၏ လုပ်ငန်းများအား ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #simex_fld #bgo_feb2020 … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၂-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်မှ (၁၂:၀၀) အချိန်ထိ မိုးကောင်းမြို့နယ်၊ အောင်ချမ်းစုကျေးရွာဓမ္မာရုံ၌ ပြည်သူလူထု (၁၀၀) ဦးခန့်အားလည်းကောင်း၊ (၁၄:၀၀) အချိန်မှ (၁၅:၃၀) အချိန်ထိ မိုးကောင်းမြို့နယ်၊ စံပါရီကျေးရွာ ထာကူဗာရီးဘုရားကျောင်း၌ ပြည်သူလူထု (၁၀၀) ဦး ခန့်အားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီးတက်ရောက် လာသူများအား ဘေး (၈) မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar … Read more
-
ကျေးရွာနေပြည်သူများအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ဟိန်စွန်းကျေးရွာအုပ်စု၊ ဟိန်စွန်းကျေးရွာ၌ (၈-၂-၂၀၂၀)ရက်နေ့(၁၀း၃၀) နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာသူ/သား(၈၀)ဦးအား ဘေးအန္တရာယ်များနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်များ ဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများ၊အချိုရည်နှင့်မုန့်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ရေဖြူမြို့နယ်၊ ညင်စထွေးကျေးရွာ၊ အ.ထ.က ကျောင်း၌ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမနှင့် ကျေးရွာသူ/သား စုစုပေါင်း (၂၀၀)ဦး တို့ကို သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များနှင့် ဘောပင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ar #tny_feb2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကရင်ပြည်နယ်တွင် တိုက်ပွဲရှောင်ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) များ ပြန်လည်နေရာချထားရေးကို အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီဆောင်ရွက်ရန် ကွင်းဆင်းညှိနှိုင်းမှုသတင်း
ဖေဖော်ဝါရီ ၈ ၊ ဘားအံ ကရင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်တွင်းနေရပ်စွန့်ခွာသူများ၏စခန်းများကို ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပိတ်သိမ်းဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်၊ စုံနံ့သာမြိုင် ဆွေမြို့တော်၊ မြိုင်ကြီးငူအထူးဒေသသို့ ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော အဖွဲ့က ကွင်းဆင်းကြည့်ရှု ညှိနှိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်ခြားစောင့်တပ်နယ် (၁)၊ ဒုတိယဗိုလ်မှူးကြီး ကျော်ထူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၂-၂၀၂၀)ရက်နေ့ (၀၈:၁၅)နာရီ အချိန်မှ (၀၉:၁၅)နာရီ အချိန်ထိ မိုးမောက်မံပုံ(RC) ပြောင်းရွှေ့မိသားစုအိမ်ရာ၌ ငလျင်ဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြောင်းရွှေ့ မိသားစုများနှင့် (Camp)အတွင်းနေထိုင်သူ စုစုပေါင်းလူဦးရေ(၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_feb2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊ (၁၆:၄၅)နာရီမှ (၁၈:၀၀)နာရီအချိန်အထိ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူကျေးရွာ၌ ကျေးရွာပြည်သူ(၁၆၀)ဦးကိုလည်းကောင်း၊ ပီကင်းကောခူကျေးရွာ၌ ကျေးရွာပြည်သူ(၁၅၀)ဦးကိုလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို တစ်ပြိုင်နက်ကျင်းပခဲ့ပြီး တက်ရောက်လာသူများ အား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_feb2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်အထိ ချောက်မြို့နယ်၊ အမှတ်(၃)အလယ်တန်းကျောင်း၌ ကျောင်းသူ/ ကျောင်းသား (၂၈၀) ဦးခန့်ကို သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_feb2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









