လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊ (၁၆:၄၅)နာရီမှ (၁၈:၀၀)နာရီအချိန်အထိ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူကျေးရွာ၌ ကျေးရွာပြည်သူ(၁၆၀)ဦးကိုလည်းကောင်း၊ ပီကင်းကောခူကျေးရွာ၌ ကျေးရွာပြည်သူ(၁၅၀)ဦးကိုလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို တစ်ပြိုင်နက်ကျင်းပခဲ့ပြီး တက်ရောက်လာသူများ အား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyh_feb2020
Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)