လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၂-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်မှ (၁၂:၀၀) အချိန်ထိ မိုးကောင်းမြို့နယ်၊ အောင်ချမ်းစုကျေးရွာဓမ္မာရုံ၌ ပြည်သူလူထု (၁၀၀) ဦးခန့်အားလည်းကောင်း၊ (၁၄:၀၀) အချိန်မှ (၁၅:၃၀) အချိန်ထိ မိုးကောင်းမြို့နယ်၊ စံပါရီကျေးရွာ ထာကူဗာရီးဘုရားကျောင်း၌ ပြည်သူလူထု (၁၀၀) ဦး ခန့်အားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီးတက်ရောက် လာသူများအား ဘေး (၈) မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။
#ar
#kcn_feb2020
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး