လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၂-၂၀၂၀)ရက်နေ့ (၀၈:၁၅)နာရီ အချိန်မှ (၀၉:၁၅)နာရီ အချိန်ထိ မိုးမောက်မံပုံ(RC) ပြောင်းရွှေ့မိသားစုအိမ်ရာ၌ ငလျင်ဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြောင်းရွှေ့ မိသားစုများနှင့် (Camp)အတွင်းနေထိုင်သူ စုစုပေါင်းလူဦးရေ(၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kcn_feb2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)