လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ရေဖြူမြို့နယ်၊ ညင်စထွေးကျေးရွာ၊ အ.ထ.က ကျောင်း၌ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမနှင့် ကျေးရွာသူ/သား စုစုပေါင်း (၂၀၀)ဦး တို့ကို သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များနှင့် ဘောပင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#Unicode Version#
#ar
#tny_feb2020
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)