သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

9_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၂-၂၀၂၀) ရက်နေ့တွင် ရွှေကျင်မြို့နယ်ကံဘေးအိုင်ကျေးရွာအုပ်စု၊ ကျောက်လုံးကြီးကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီအဖွဲ့၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထူ အင်အားစုစုပေါင်း (၅၀၀) ဦး ခန့်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။ လေ့ကျင့်ခန်းတွင် ရေကြီးခြင်း သတိပေးချက်ရရှိပါက ပြုလုပ်ရမည့်အချက်များ၊ ရှာဖွေကယ်ဆယ်ရေးပြုလုပ်ပုံများ၊ စခန်းသို့ ရွှေ့ပြောင်းမှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၏ လုပ်ငန်းများအား ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#simex_fld

#bgo_feb2020

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Sign Up

Upcoming Events