Category Archives: News
-
လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်ရန်ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မည့် နေအိမ် (၂၀၀) လုံးအနက် မကွေးမြို့နယ်၊ ကြည်တလုံးကျေးရွာ၌ ပြင်ဆင်ရန်လိုအပ်သည့် နေအိမ် (၁၀၀) လုံး အား (၂၂-၂-၂၀၂၀) ရက်နေ့ (၀၇:၃၀) နာရီမှ (၁၃:၄၅) နာရီအထိ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၊ အရန်မီးသတ်အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #mgy_feb2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၂၀)ရက်နေ့၊ (၂၀:၃၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ဆင်ကျွန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၃)စုရှိ လူဦးရေ(၁၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၃,၁၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး(ပလပ်စတစ်ပုံးအပါ)(၃)အိမ်ထောင်စာအား (၂၂-၂-၂၀၂၀)ရက်နေ့ (၁၀:၃ဝ) နာရီအချိန် တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-၂၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ရာနေရာ၌ ပြည်သူလက်ဝယ်အရောက် … Read more
-
တိုက်ပွဲရှောင်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သမီးလှရွာဟောင်းကျေးရွာမှ စစ်တွေမြို့၊ ဓညဝတီအကွက် (၁) ရပ်ကွက်၊ နန်းရွေဂူကျောင်းတိုက်သို့ ရောက်ရှိခိုလှုံနေကြသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၁၉) စုမှ လူဦးရေ (၆၀) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာထောက်ပံ့ငွေ (၂၅၂၀၀၀) ကျပ်အား (၂၁-၂-၂၀၂၀) ရက်နေ့ (၁၅:၃၅) နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းသိရှိရပါသည်။ #ha_otr #rke_feb2020 Source: … Read more
-
သဘာဝဘေးနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၂-၂၀၂၀) ရက်နေ့၊နံနက် (၁၀:၀၀) နာရီမှ(၁၂:၀၀)နာရီအထိ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာ(ပြည်သူ့စစ်စခန်းကုန်းနေရာ) တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှဖွင့်လှစ်သည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၀)သင်တန်း၌ သင်တန်းသား (၅၀) ဦးအား သဘာဝဘေးနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှု များကြောင့်ဖြစ်ပွါးတတ်သောဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ် မဖြစ် ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီး နောက်ပိုင်းဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ်နေထိုင်ရမည့် အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ … Read more
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၂-၂၀၂၀) ရက်နေ့တွင် ဗန်းမော်မြို့နယ်၊ စာဝတီးကျေးရွာတွင် ဖြစ်ပွားသောမီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၂) စု၊ လူဦးရေ (၈) ဦးတို့အတွက်ပလပ်စတစ်ပုံးအပါကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါပုံ (၂) ပုံး၊ သက်ကယ်မိုး၊ ထရံကားလုံးဝပျက်စီး အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၈) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၁၆၈၀၀) ကျပ်၊ စုစုပေါင်း တန်ဖိုးငွေ (၂၁၆၈၀၀) ကျပ်တို့ကို (၂၁-၂-၂၀၂၀) … Read more
-
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၁-၂-၂၀၂၀) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်တွင် သရက်ချောင်း မြို့နယ်၊ ကင်းရှေ့ကျေးရွာ၌ရွာသူ/ရွာသားများအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ (၇၀) ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_feb2020 Source:သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာအုပ်စု၊ လယ်ကျိုးကျေးရွာတွင် (၂၁-၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင် ကျွမ်းပျက်စီးခဲ့သည် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)ပုံး အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၈၄၀ဝ) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈,၄၀ဝ) ကျပ်အား (၂၁-၂-၂၀၂၀) ရက်နေ့ (၀၄:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ … Read more
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၂၀)ရက်နေ့၊ (၁၁:၅၀)ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ (၉၇) လမ်း၊ အမှတ် (၂၅) ၊(ပ)ထပ်ရှိ နေအိမ်ခန်းအတွင်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် နေအိမ်အခန်း(၁)ခန်းမီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စုတစ်စုမှ သေဆုံးသူလူဦးရေ(၃)ဦး၊ ဘေးသင့်လူဦးရေ(၂)ဦးနှင့် ဒဏ်ရာရ(၁)ဦး မီးဘေးသင့်ခဲ့ပြီး၊ ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုးပါ (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀ဝ/-)ကျပ်၊ သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ငွေ(၉၀၀၀၀ဝ/-)ကျပ်၊ ဒဏ်ရာရ (၁)ဦးအတွက် ထောက်ပံ့ ငွေ(၅၀၀၀ဝ/-)ကျပ်၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၂၀) ပြည့်နှစ်၊ (၁၀:၀၀) နာရီအချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရောင်းမော်ကျးရွာ၊ အ.လ.က ကျောင်း၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၀၀) ဦး တို့ကို သဘာဝဘေး အသိပညာပေးဟောပြောခြင်း၊ ဘောပင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရ ပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_feb2020
-
လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မည့် နေအိမ်(၂၀၀)လုံးအနက် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ရွာစည်ကျေးရွာ၌ ပြင်ဆင်ရန်လိုအပ်သည့်နေအိမ်(၂၅)လုံးအား (၂၁-၂-၂၀၂၀)ရက်နေ့(၁၅း၁၅)နာရီမှ (၁၆း၀၀)နာရီအထိ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_feb2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)









