တိုက်ပွဲရှောင်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း

22_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သမီးလှရွာဟောင်းကျေးရွာမှ စစ်တွေမြို့၊ ဓညဝတီအကွက် (၁) ရပ်ကွက်၊ နန်းရွေဂူကျောင်းတိုက်သို့ ရောက်ရှိခိုလှုံနေကြသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၁၉) စုမှ လူဦးရေ (၆၀) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာထောက်ပံ့ငွေ (၂၅၂၀၀၀) ကျပ်အား (၂၁-၂-၂၀၂၀) ရက်နေ့ (၁၅:၃၅) နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းသိရှိရပါသည်။

#ha_otr
#rke_feb2020
Source: စစ်တွေခရိုင်ဦးစီမှူးရုံးမှ (ဘစမ)

Sign Up

Upcoming Events