သဘာဝဘေးနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

 

22_Pic_01 22_Pic_02 22_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၂-၂၀၂၀) ရက်နေ့၊နံနက် (၁၀:၀၀) နာရီမှ(၁၂:၀၀)နာရီအထိ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာ(ပြည်သူ့စစ်စခန်းကုန်းနေရာ) တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှဖွင့်လှစ်သည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၀)သင်တန်း၌ သင်တန်းသား (၅၀) ဦးအား သဘာဝဘေးနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှု များကြောင့်ဖြစ်ပွါးတတ်သောဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ် မဖြစ် ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီး နောက်ပိုင်းဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ်နေထိုင်ရမည့် အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

#ar
#shn_feb2020

Source:တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events