မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း

22_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၂-၂၀၂၀) ရက်နေ့တွင် ဗန်းမော်မြို့နယ်၊ စာဝတီးကျေးရွာတွင် ဖြစ်ပွားသောမီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၂) စု၊ လူဦးရေ (၈) ဦးတို့အတွက်ပလပ်စတစ်ပုံးအပါကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါပုံ (၂) ပုံး၊ သက်ကယ်မိုး၊ ထရံကားလုံးဝပျက်စီး အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၈) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၁၆၈၀၀) ကျပ်၊ စုစုပေါင်း တန်ဖိုးငွေ (၂၁၆၈၀၀) ကျပ်တို့ကို (၂၁-၂-၂၀၂၀) ရက်နေ့ညနေ့ (၁၆:၀၀) နာရီအချိန်တွင် အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သိရှိရပါသည်။

Source: ဗန်းမော်ခရိုင်ဦးစီမှူးရုံးမှ (ဘစမ)

#ha_fir
#kcn_feb2020

Sign Up

Upcoming Events