မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

21_Pic_03
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၂၀)ရက်နေ့၊ (၁၁:၅၀)ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ (၉၇) လမ်း၊ အမှတ် (၂၅) ၊(ပ)ထပ်ရှိ နေအိမ်ခန်းအတွင်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် နေအိမ်အခန်း(၁)ခန်းမီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စုတစ်စုမှ သေဆုံးသူလူဦးရေ(၃)ဦး၊ ဘေးသင့်လူဦးရေ(၂)ဦးနှင့် ဒဏ်ရာရ(၁)ဦး မီးဘေးသင့်ခဲ့ပြီး၊ ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုးပါ (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀ဝ/-)ကျပ်၊ သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ငွေ(၉၀၀၀၀ဝ/-)ကျပ်၊ ဒဏ်ရာရ (၁)ဦးအတွက် ထောက်ပံ့ ငွေ(၅၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၅၄,၂၀ဝ/-)ကျပ်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ တာဝန်ရှိ သူများနှင့်အတူ (၂၁-၂-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fir
#ygn_feb2020

Sign Up

Upcoming Events