
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မည့် နေအိမ် (၂၀၀) လုံးအနက် မကွေးမြို့နယ်၊ ကြည်တလုံးကျေးရွာ၌ ပြင်ဆင်ရန်လိုအပ်သည့် နေအိမ် (၁၀၀) လုံး အား (၂၂-၂-၂၀၂၀) ရက်နေ့ (၀၇:၃၀) နာရီမှ (၁၃:၄၅) နာရီအထိ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၊ အရန်မီးသတ်အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
#mgy_feb2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)