လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာအုပ်စု၊ လယ်ကျိုးကျေးရွာတွင် (၂၁-၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင် ကျွမ်းပျက်စီးခဲ့သည် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)ပုံး အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၈၄၀ဝ) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈,၄၀ဝ) ကျပ်အား (၂၁-၂-၂၀၂၀) ရက်နေ့ (၀၄:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဆင်ပေါင်ဝဲမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)