Category Archives: News
-
(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်မှ (၁၂း၃၀) နာရီအချိန်ထိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဆောင်ရွက်မည့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဂန့်ဂေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #mgy_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ ဟောပြောဆွေးနွေးခြင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌနာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၂.၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ(၁၁:၀၀)နာရီအထိ ချောင်းဆုံမြို့နယ်၊ ကလွီကျေးရွာ၊ ဆံတော်ရှင်ဓမ္မာရုံ ရွာသူ/ရွာသား (၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၂-၂၀၂၀)ရက်နေ့ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ချားလျားကုန်းကျေးရွာအုပ်စု၊ ချားလျားကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့် နေအိမ်(၁)လုံး၊အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၃၀၀ိ/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၁၀၆၃၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံးတို့အား (၂၅-၂-၂၀၂၀)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_feb2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးမှ တာဝန်ရှိ သူများသည် ”မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၂၄-၂-၂၀၂၀)ရက်နေ့တွင် သင်တန်းသား/သင်တန်းသူဦးရေ(၄၅)ဦးဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး၊ မြို့နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ် ရေးမှူးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ မြို့နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါပြီး အခမ်းအနားကို ဌာနဆိုင်ရာ အကြီးအကဲများ၊ အရံမီးသတ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_feb 2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအား မိုးမောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၅-၂-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး၊ မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများနှင့် သင်တန်းသား/သူ (၃၀)ဦး၊ စုစုပေါင်း (၉၀)ဦး ခန့်တက်ရောက်ပြီး ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၂၅-၂-၂၀၂၀) ရက်နေ့မှ (၂၇-၂-၂၀၂၀) ရက်နေ့ထိ (၃) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အ.လ.က(၃) စာသင်ကျောင်း၌ (၂၅.၂.၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀)နာရီအချိန်အထိ ကျေးရွာသူ/သား (၂၀၀) ဦးခန့်ကို သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သော အသိပညာပေးဟောပြောခြင်း များဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗလာစာအုပ်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူ များသည် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း(၁/၂၀၂၀)ကို သင်တန်းသား/သူ(၃၀)ဦးဖြင့် (၂၅-၂-၂၀၂၀)ရက်နေ့မှ(၂၇-၂-၂၀၂၀) ရက်နေ့ထိ ဟင်္သာတမြို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းတို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_feb 2020
-
မီးဘေးထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကြဟင်းခါးကျွန်းလယ်ကျေးရွာတွင်(၂၃-၂-၂၀၂၀)ရက်နေ့၌ မီးဘေးသင့်ခဲ့သော အိမ်ခြေ(၁)လုံး၊အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝိ/-)ကျပ်၊လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၇၀ဝိ/-)ကျပ်၊စုစုပေါင်း(၁၁၄၇၀ဝိ/-)တို့အား (၂၃-၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ #ha_fir #mgy_feb2020 Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ထိတွေ့ဒဏ်ရာရလူနာများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့နယ်၊ ပိုက်သည်ကျေးရွာမှ လက်နက်ကြီးကျည်စထိမှန်၍ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် ရောက်ရှိလာသည့် ဒဏ်ရာရလူနာ (၂)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-)အား (၂၄.၂.၂၀၂၀)ရက်တွင် ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_feb2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၂-၂၀၂၀) ရက် နေ့ (၁၉:၃ဝ)ချိန်၌ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့မှုကြောင့် မီးဘေးသင့်(လုံးဝပျက်စီး)နေအိမ်(၃)အိမ်အတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၃)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်နှင့် လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထေက်ပံ့ငွေ(၂၁၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၁၀ဝဝ/-)ကျပ်အား မြို့နယ်မီးသတ်တို့နှင့်အတူ (၂၄-၂-၂၀၂၀) ရက်နေ့ (၁၅:၀၀) ချိန်တွင် သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_feb2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









