လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအား မိုးမောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၅-၂-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး၊ မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများနှင့် သင်တန်းသား/သူ (၃၀)ဦး၊ စုစုပေါင်း (၉၀)ဦး ခန့်တက်ရောက်ပြီး ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၂၅-၂-၂၀၂၀) ရက်နေ့မှ (၂၇-၂-၂၀၂၀) ရက်နေ့ထိ (၃) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ar
#kcn_feb2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)