လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူ များသည် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း(၁/၂၀၂၀)ကို သင်တန်းသား/သူ(၃၀)ဦးဖြင့် (၂၅-၂-၂၀၂၀)ရက်နေ့မှ(၂၇-၂-၂၀၂၀) ရက်နေ့ထိ ဟင်္သာတမြို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းတို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_feb 2020