
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်မှ (၁၂း၃၀) နာရီအချိန်ထိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဆောင်ရွက်မည့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဂန့်ဂေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)