မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျင်းပမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးမှ တာဝန်ရှိ သူများသည် ”မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၂၄-၂-၂၀၂၀)ရက်နေ့တွင် သင်တန်းသား/သင်တန်းသူဦးရေ(၄၅)ဦးဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး၊ မြို့နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ် ရေးမှူးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ မြို့နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါပြီး အခမ်းအနားကို ဌာနဆိုင်ရာ အကြီးအကဲများ၊ အရံမီးသတ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#shn_feb 2020

 

Sign Up

Upcoming Events