လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကြဟင်းခါးကျွန်းလယ်ကျေးရွာတွင်(၂၃-၂-၂၀၂၀)ရက်နေ့၌ မီးဘေးသင့်ခဲ့သော အိမ်ခြေ(၁)လုံး၊အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝိ/-)ကျပ်၊လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၇၀ဝိ/-)ကျပ်၊စုစုပေါင်း(၁၁၄၇၀ဝိ/-)တို့အား (၂၃-၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။
#ha_fir
#mgy_feb2020
Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)