လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့နယ်၊ ပိုက်သည်ကျေးရွာမှ လက်နက်ကြီးကျည်စထိမှန်၍ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် ရောက်ရှိလာသည့် ဒဏ်ရာရလူနာ (၂)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-)အား (၂၄.၂.၂၀၂၀)ရက်တွင် ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#rke_feb2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)