Category Archives: News
-
သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးများနှင့်ပတ်သက်၍ ပြည်သူလူထုများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယခင်စိုက်ထူထားရှိသော မီးဘေးအန္တရာယ်အသိပညာပေးဗီနိုင်းပိုစတာမှာ ဟောင်းနွမ်းဆွေးမြေ့ နေပါသဖြင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးဗီနိုင်းပိုစတာအား (၂၅-၂-၂၀၂၀) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ပြောင်းလဲတပ်ဆင်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_feb2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်းစားမှုကြောင့် ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာတွင် ကမ်းပြိုဘေးသင့် ဖြစ်ပွားခဲ့ရာ အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၃၅) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၃၅၀၀/-) ကျပ်၊ စုစုပေါင်း (၈၇၃၅၀၀/-) ကျပ်တို့အား (၂၅-၂-၂၀၂၀) ရက်နေ့၊(၁၁:၀၀)နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ငါးလန်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူ များသည် တာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀) ရက်နေ့၊ (၁၁း၀၀) နာရီမှ (၁၂း၀၀)နာရီအချိန်အထိ မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာအုပ်စု၊ မြင်းကကွင်းကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သောအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗလာစာအုပ်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb 2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအခြေခံသင်တန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၌ (၂၄-၂-၂၀၂၀) ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး၊ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဒေါ်လှကေသီမာက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ UNHCRအဖွဲ့အစည်းနှင့် သင်တန်းသား/သူ(၅၀)ဦး၊ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကာ သင်တန်းကို (၂၄-၂-၂၀၂၀)ရက်နေ့ မှ(၂၈-၂-၂၀၂၀)ရက်နေ့ထိ၅ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၂-၂-၂၀၂၀)ရက်နေ့တွင် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ညောင်ပင်သာ(ပသီ)ကျေးရွာနှင့် (၂)မိုင်ခန့်အကွာ နွယ်ကိုင်းတဲစုတွင် ဖြစ်ပွားခဲ့သော တောမီးမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင့် မီးဘေးသင့် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၂၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၈၈၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀ဝ/-)ကျပ် ရန်ပုံငွေစုစုပေါင်း(၄၅၈၈၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)အိမ်ထောင်စုစာ နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂)အိမ်ထောင်စုစာတို့အား (၂၅-၂-၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် မင်းတုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းပေးရရှိပါသည်။ Source: … Read more
-
လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၅-၂-၂၀၂၀)ရက်နေ့၊ ကနီမြို့နယ်အတွင်း ကျေးရွာ(၅)ရွာတွင် လေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ရန် အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ဌာနဆိုင်ရာများ၊ လှုမှုရေး အသင်းအဖွဲ့များနှင့်အတူ ကနီမြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆွေးနွေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #sgg_feb2020
-
လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများ သည် (၂၄-၂-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှ (၁၆:၃၀)နာရီအချိန်ထိ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်မည့် နေအိမ်(၂၀၀)လုံးအနက် သရက်ခရိုင်၊ ထုံးတောင်ကျေးရွာအုပ်စု၊ ထုံးတောင်ကျေးရွာတွင် နေအိမ်(၂၀)လုံးအား အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ နေအိမ်များကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_feb 2020
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ (၂၂-၂-၂၀၂၀)ရက်နေ့ (၁၁း၀၀)အချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နဃ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာသို့ ရောက်ရှိခိုလှုံနေသောတိုက်ပွဲရှောင်အိမ်ထောင်စု (၁၀)စု၊ ကျား(၂၂)ဦး၊ မ(၁၆)ဦး၊ပေါင်း (၃၈)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ (၅)အိတ်၊(၁၃)ပြည် တန်ဖိုးငွေ( ၁၅၉၆၀၀ိ/-)နှင့် (၂-၁-၂၀၂၀)ရက်နေ့ (၁၁း၀၀)အချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နဃ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာသို့ ရောက်ရှိခိုလှုံနေသောတိုက်ပွဲရှောင်အိမ်ထောင်စု (၁၄)စု၊ ကျား(၂၄)ဦး၊ မ(၂၉)ဦး၊ ပေါင်း (၅၃)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၁၆)အိတ်၊(၁၃)ပြည် ၊(၄)ဘူး တန်ဖိုးငွေ( ၄၇၇၀၀၀ိ/-) စုစုပေါင်းအိမ်ထောင်စု(၂၄)စု၊ ကျား(၄၆)ဦး၊ မ(၄၅)ဦး၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ (၂၅-၂-၂၀၂၀)ရက်နေ့(၁၁း၀၀)နာရီမှ (၁၂း၀၀)နာရီအချိန်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူလုထုစုစုပေါင်းအင်အား(၆၀)ဦးခန့်တက်ရောက်ခဲ့ပြီး၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်( ၂၅- ၂-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးလှထွန်း(တဲတိုက်)၊ ဒေါ်မာတူး(တဲတိုက်)နှင့် နတ်ချောင်(တဲတိုက်)ရှိ အိမ်ခြေ (၁၁၆) လုံး၊ အိမ်ထောင်စု (၁၂၉) စု၊ လူဦးရေ (၅၈၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_feb2020









