ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

25_Pic_01
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်‎ရေတိုက်းစားမှု‎ကြောင့် ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာတွင် ကမ်းပြိုဘေးသင့် ဖြစ်ပွားခဲ့ရာ အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦး‎ရေ (၃၅) ဦးတို့အတွက် အိမ်‎ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၃၅၀၀/-) ကျပ်၊ စုစုပေါင်း (၈၇၃၅၀၀/-) ကျပ်တို့အား (၂၅-၂-၂၀၂၀) ရက်နေ့၊(၁၁:၀၀)နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ငါးလန်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#mgy_feb2020

Sign Up

Upcoming Events