လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၌ (၂၄-၂-၂၀၂၀) ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး၊ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဒေါ်လှကေသီမာက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ UNHCRအဖွဲ့အစည်းနှင့် သင်တန်းသား/သူ(၅၀)ဦး၊ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကာ သင်တန်းကို (၂၄-၂-၂၀၂၀)ရက်နေ့ မှ(၂၈-၂-၂၀၂၀)ရက်နေ့ထိ၅ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_feb2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)