မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၂-၂-၂၀၂၀)ရက်နေ့တွင် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ညောင်ပင်သာ(ပသီ)ကျေးရွာနှင့် (၂)မိုင်ခန့်အကွာ နွယ်ကိုင်းတဲစုတွင် ဖြစ်ပွားခဲ့သော တောမီးမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင့် မီးဘေးသင့် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၂၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၈၈၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀ဝ/-)ကျပ် ရန်ပုံငွေစုစုပေါင်း(၄၅၈၈၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)အိမ်ထောင်စုစာ နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂)အိမ်ထောင်စုစာတို့အား (၂၅-၂-၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် မင်းတုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းပေးရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#mgy_feb 2020

 

Sign Up

Upcoming Events