လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများ သည် (၂၄-၂-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှ (၁၆:၃၀)နာရီအချိန်ထိ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်မည့် နေအိမ်(၂၀၀)လုံးအနက် သရက်ခရိုင်၊ ထုံးတောင်ကျေးရွာအုပ်စု၊ ထုံးတောင်ကျေးရွာတွင် နေအိမ်(၂၀)လုံးအား အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ နေအိမ်များကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mgy_feb 2020