
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးများနှင့်ပတ်သက်၍ ပြည်သူလူထုများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယခင်စိုက်ထူထားရှိသော မီးဘေးအန္တရာယ်အသိပညာပေးဗီနိုင်းပိုစတာမှာ ဟောင်းနွမ်းဆွေးမြေ့ နေပါသဖြင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးဗီနိုင်းပိုစတာအား (၂၅-၂-၂၀၂၀) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ပြောင်းလဲတပ်ဆင်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)