လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ (၂၂-၂-၂၀၂၀)ရက်နေ့ (၁၁း၀၀)အချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နဃ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာသို့ ရောက်ရှိခိုလှုံနေသောတိုက်ပွဲရှောင်အိမ်ထောင်စု (၁၀)စု၊ ကျား(၂၂)ဦး၊ မ(၁၆)ဦး၊ပေါင်း (၃၈)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ (၅)အိတ်၊(၁၃)ပြည် တန်ဖိုးငွေ( ၁၅၉၆၀၀ိ/-)နှင့် (၂-၁-၂၀၂၀)ရက်နေ့ (၁၁း၀၀)အချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နဃ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာသို့ ရောက်ရှိခိုလှုံနေသောတိုက်ပွဲရှောင်အိမ်ထောင်စု (၁၄)စု၊ ကျား(၂၄)ဦး၊ မ(၂၉)ဦး၊ ပေါင်း (၅၃)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၁၆)အိတ်၊(၁၃)ပြည် ၊(၄)ဘူး တန်ဖိုးငွေ( ၄၇၇၀၀၀ိ/-) စုစုပေါင်းအိမ်ထောင်စု(၂၄)စု၊ ကျား(၄၆)ဦး၊ မ(၄၅)ဦး၊ ပေါင်း(၉၁)ဦးတို့အတွက် ဆန်ရိက္ခာ ( ၂၂)အိတ်၊(၂)ပြည်၊(၄)ဘူး တန်ဖိုးငွေကျပ်(၆၃၆၆၀၀ိ/-)အား (၂၅-၂-၂၀၂၀)ရက်နေ့ နေ့လည် (၁၂း၅၀)အချိန်တွင် အမ်းမြို့နဃ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နဃ်အုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#otr
#rke_feb2020
Source: ကျောက်ဖြူဦးစီးမှူးရုံး (ဘစမ)