Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ရှမ်းစုကျေးရွာ၊ စစ်ကုန်းကျေးရွာအုပ်စု သဒ္ဓမ္မကျွန်းကျေးရွာတို့တွင် (၂၅-၂-၂၀၂၀) ရက်နေ့၌ ကမ်းပြိုဘေးဖြစ်ပွားမှုကြောင်း ဘေးသင့်အိမ်ခြေ(၃)လုံး၊ ၄င်းအိမ်ထောင်စု(၃)စုရှိ လူဦးရေ(၁၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ(၃၂၇၃၀၀/-)ကျပ်အား (၂၆-၂-၂၀၂၀) ရက်နေ့ (၁၅:၀၀) အချိန်၌ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_feb2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူ များသည် (၂၆-၂-၂၀၂၀)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၀:၃၀)နာရီမှ (၁၁:၃၀)နာရီထိ ရွှေဘိုမြို့နယ် သစ်ချိုပင်ကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား(၅၀)ဦးခန့်အားလည်းကောင်း၊ (၁၂:၃၀)နာရီမှ(၁၃:၃၀)နာရီထိ ပေါက်တုံကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား(၇၀)ဦးခန့်အား လည်းကောင်း၊ (၁၄း၀၀)နာရီမှ (၁၅း၀၀)နာရီထိ ညောင်ရင်းကုန်းကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား(၅၀)ဦးခန့်အား လည်းကောင်း သဘာဝဘေးအသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb 2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၂-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ ကြို့ပင်ဝိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀ိ/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄၂၀၀ိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၄၂၀၀ိ/-)ကျပ်အား (၂၇-၂-၂၀၂၀)ရက်နေ့ (၀၉း၃ဝ)နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ မြို့နယ်ပြန်ဆက်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_feb2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများ
(၂၀-၂-၂၀၂၀)ရက်နေ့မှ (၂၆-၂-၂၀၂၀) ရက်နေ့အထိ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၊ ရန်ကုန်(ကမ္ဘာအေး) စခန်းက နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများကို ဖော်ပြထားပါသည်။
-
မသန်စွမ်းသူများအတွက် နေပြည်တော်တွင် အတားအဆီးကင်းမဲ့သောပတ်ဝန်းကျင် စံနမူနာပြတည်ဆောက်ထားမှုများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကြည့်ရှုမှုသတင်း
ဖေဖော်ဝါရီ ၂၆ ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မစျေးတို့၌ မသန်စွမ်းသူများ အတွက် အတားအဆီးကင်းမဲ့သောပတ်ဝန်းကျင် စံနမူနာပြ တည်ဆောက်ထားသည့်အခြေအနေ များကို ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှုခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော်ကောင်စီ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦး၊ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ လိုက်ပါခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် … Read more
-
မီးဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ သံဘိုအုပ်စု၊ ကန်ရေလေးရွာတွင် (၂၆.၂.၂၀၂၀)ရက်နေ့က လောင်ကျွမ်းခဲ့သော မီးဘေးသင့်အိမ်ခြေ(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၀၀၀၀ဝိ/-) ဘေးသင့်လူဦးရေ(၃၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၇၅၆၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၇၇၅၆၀ဝိ/-)နှင့် အိမ်ထောင်စု(၇)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးစီတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် (၂၆-၂-၂၀၂၀) ရက်နေ့ညနေ(၁ရး၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_feb2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ရန် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများ သည် သထုံခရိုင်မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့နှင့်ပူးပေါင်း၍ (၂၆-၂-၂၀၂၀)ရက်နေ့နှင့် (၂၇-၂-၂၀၂၀)ရက်နေ့တို့တွင် သထုံမြို့နယ်၊ စျေးမသွယ်အထက် ကျေးရွာ၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ရန် အကြိုညှိနှိုင်းအစည်းအဝေးအား စျေးမသွယ်အထက်ကျေးရွာ၊ ဓမ္မာရုံတွင် (၂၆-၂-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီမှ(၁၄:၃၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_feb 2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၂-၂၀၂၀) ရက်နေ့ (၀၉:၂၀) နာရီမှ (၁၀:၅၀) နာရီအထိ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူကျေးရွာအုပ်စု၊ ဝီသဲကူးကျေးရွာရှိ ရပ်ရွာပြည်သူ(၇၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_feb_2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၂-၂၀၂၀) ရက်နေ့ (၁၁း၀၀) နာရီ အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ မိုးမောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ အစည်းအဝေးခန်းမတွင် မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးဆိုင်ရာ အသိပညာပေးဆွေနွေးဟော ပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ မိုးမောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်ကျေးရွာစာရေး စုစုပေါင်း (၃၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_feb2020
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်( ၂၆- ၂-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ် ၊ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(ကွက်သစ်ပိုင်း)၊ ဦးဝင်းကြည်(တဲတိုက်)နှင့် ဦးလှိုင်(တဲတိုက်)ရှိ အိမ်ခြေ (၁၂၇) လုံး၊ အိမ်ထောင်စု (၁၃၄) စု၊ လူဦးရေ (၆၃၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ) #ha_drg #mgy_feb2020









