မသန်စွမ်းသူများအတွက် နေပြည်တော်တွင် အတားအဆီးကင်းမဲ့သောပတ်ဝန်းကျင်  စံနမူနာပြတည်ဆောက်ထားမှုများကို  ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကြည့်ရှုမှုသတင်း

 

27_Pic_01

ဖေဖော်ဝါရီ ၂၆ ၊  နေပြည်တော်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မစျေးတို့၌ မသန်စွမ်းသူများ အတွက် အတားအဆီးကင်းမဲ့သောပတ်ဝန်းကျင် စံနမူနာပြ တည်ဆောက်ထားသည့်အခြေအနေ များကို ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှုခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော်ကောင်စီ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦး၊ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ လိုက်ပါခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ရေပန်းဥယျာဉ်သို့ရောက်ရှိကြပြီး  မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာအပန်းဖြေနိုင်ရန်အတွက် ဘီးတပ်ကုလားထိုင်သွားလာ နိုင်သည့်လမ်းများ၊ အမြင်အာရုံချို့ယွင်းသူများ အသုံးပြုနိုင်ရန် အမှတ်အသားပါ လျှောက်လမ်းများ၊ စတီးလက်ရမ်းများ တည်ဆောက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုကြပြီး မသန်စွမ်းသူများ ပိုမို အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို တာဝန်ရှိသူများနှင့် မေးမြန်းညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်မြို့မစျေးသို့ သွားရောက်ကြ ပြီး စျေးတန်းအပြင်လျှောက်လမ်းနှင့် အတွင်းလျှောက်လမ်းများတွင် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာအသုံးပြုနိုင်ရေးအတွက် ဘီးတပ်ကုလားထိုင်သွားလာနိုင်သည့် လမ်းများ၊ သန့်စင်ခန်းများ၊  အမြင်အာရုံချို့ယွင်းသူများ အသုံးပြုနိုင်ရန် အမှတ်အသားပါလျှောက်လမ်းများ၊ စတီးလက်ရမ်းများ တည်ဆောက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို လှည့်လည် ကြည့်ရှုကြပြီး စျေးသူ၊ စျေးသား များနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ လုပ်ငန်းများဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းကာ ပူးပေါင်းပါဝင်ပေးနိုင်ရေးအတွက် ညှိနှိုင်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မစျေးတို့၌ မသန်စွမ်းသူများ အတွက် အတားအဆီးကင်းမဲ့သောပတ်ဝန်းကျင် စံနမူနာ တည်ဆောက်ခြင်းကို  မသန်စွမ်းသူများ ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဌ၊ ဒုတိယသမ္မတ(၂)၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် နေပြည်တော်ကောင်စီတို့က ပူးပေါင်းတည်ဆောက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1
#npw_feb 2020

 

Sign Up

Upcoming Events