လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ရှမ်းစုကျေးရွာ၊ စစ်ကုန်းကျေးရွာအုပ်စု သဒ္ဓမ္မကျွန်းကျေးရွာတို့တွင် (၂၅-၂-၂၀၂၀) ရက်နေ့၌ ကမ်းပြိုဘေးဖြစ်ပွားမှုကြောင်း ဘေးသင့်အိမ်ခြေ(၃)လုံး၊ ၄င်းအိမ်ထောင်စု(၃)စုရှိ လူဦးရေ(၁၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ(၃၂၇၃၀၀/-)ကျပ်အား (၂၆-၂-၂၀၂၀) ရက်နေ့ (၁၅:၀၀) အချိန်၌ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_feb2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)