သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူ များသည် (၂၆-၂-၂၀၂၀)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၀:၃၀)နာရီမှ (၁၁:၃၀)နာရီထိ ရွှေဘိုမြို့နယ် သစ်ချိုပင်ကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား(၅၀)ဦးခန့်အားလည်းကောင်း၊ (၁၂:၃၀)နာရီမှ(၁၃:၃၀)နာရီထိ ပေါက်တုံကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား(၇၀)ဦးခန့်အား လည်းကောင်း၊ (၁၄း၀၀)နာရီမှ (၁၅း၀၀)နာရီထိ ညောင်ရင်းကုန်းကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား(၅၀)ဦးခန့်အား လည်းကောင်း သဘာဝဘေးအသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_feb 2020

Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events