မီးဘေးထောက်ပံ့ခြင်း

 

27_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ သံဘိုအုပ်စု၊ ကန်ရေလေးရွာတွင် (၂၆.၂.၂၀၂၀)ရက်နေ့က လောင်ကျွမ်းခဲ့သော မီးဘေးသင့်အိမ်ခြေ(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၀၀၀၀ဝိ/-) ဘေးသင့်လူဦးရေ(၃၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၇၅၆၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၇၇၅၆၀ဝိ/-)နှင့် အိမ်ထောင်စု(၇)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးစီတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် (၂၆-၂-၂၀၂၀) ရက်နေ့ညနေ(၁ရး၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fir

#mgy_feb2020

Source:            ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events