လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများ သည် သထုံခရိုင်မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့နှင့်ပူးပေါင်း၍ (၂၆-၂-၂၀၂၀)ရက်နေ့နှင့် (၂၇-၂-၂၀၂၀)ရက်နေ့တို့တွင် သထုံမြို့နယ်၊ စျေးမသွယ်အထက် ကျေးရွာ၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ရန် အကြိုညှိနှိုင်းအစည်းအဝေးအား စျေးမသွယ်အထက်ကျေးရွာ၊ ဓမ္မာရုံတွင် (၂၆-၂-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီမှ(၁၄:၃၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_feb 2020
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)