
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၂-၂၀၂၀) ရက်နေ့ (၁၁း၀၀) နာရီ အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ မိုးမောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ အစည်းအဝေးခန်းမတွင် မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးဆိုင်ရာ အသိပညာပေးဆွေနွေးဟော ပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ မိုးမောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်ကျေးရွာစာရေး စုစုပေါင်း (၃၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)