Category Archives: News
-
သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၃-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာ အုပ်စု၊ လောလျာခူကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၃၂၀၀)အား လည်းကောင်း၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဖူးကရားခူကျေးရွာသို့ ရေသယ်ယာဉ် (၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၁၂၀၀)တို့ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စုအတွင်းရှိ သဲရိုးကျေးရွာ၊ လက်ပံသာယာကျေးရွာများတွင် မိုးဦးကျကာလ၌ ဖြစ်ပွား တတ်သော လေးပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင် နိုင်သောနေအိမ်များအား သင့်တင့်သော ခိုင်ခန့်မှုရရှိရန်အတွက် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊မေတ္တာပေါင်းကူးပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ (၅-၃-၂၀၂၀) ရက် နေ့၌ ကွင်းဆင်းစာရင်းကောက်လျက်ရှိပါကြောင်း သိရှိရပါသည်။ #bgo_mar2020 Source: မိုးညိုမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)
-
သောက်ရေသန့်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၃-၂၀၂၀) ရက်နေ့ (၉:၄၅) အချိန်တွင် ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာအုပ်စု၊ ဘုံချောင်းကျေးရွာသို့ အိမ်ထောင်စု(၁)စုလျှင် သောက်ရေသန့် (၂၀)လီတာဆံ့ဘူးကြီး (၄)ဘူးစီကို အိမ်ထောင်စု (၇၀)စု၊ လူဦးရေ (၃၂၀)ဦးအတွက် စုစုပေါင်း ရေသန့်ဘူးကြီး (၂၈၀) ဘူးအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #sgg_mar2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံမြောက်၌ (၂၉-၂-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ဘေးသင့်အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၅၀၀,၀၀၀) ကျပ်၊ လူဦးရေ(၂၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက် စာ ထောက်ပံ့ငွေ (၄၂,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၄၂,၀၀၀) ကျပ် နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ထောင်စု (၃) စုစာတို့အား (၅-၃-၂၀၂၀) ရက်နေ့ … Read more
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၃-၂၀၂၀) ရက်နေ့၊ (၀၅:၄၅) နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်ပန်လယ်ကျေးရွာအုပ်စု၊ ရွှေညောင်ပင် ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် မီးဘေးသင့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) နှင့် လူဦးရေ(၉) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၁၈,၉၀၀) ကျပ် စုစုပေါင်းငွေ (၂၁၈,၉၀၀) ကျပ် အား(၅ -၃-၂၀၂၀) … Read more
-
သေနတ်ကျည်ထိမှန်သေဆုံးသူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ စော်ဘွား လမ်းနေ ဦးလောက်အယ် သည် (၂၂-၂-၂၀၂၀) ရက်နေ့ နံနက်(၈:ဝဝ) နာရီအချိန်ခန့်တွင် သေနတ်ကျည်ထိမှန်၍ သေဆုံးခဲ့သောကြောင့် (၅-၃-၂၀၂၀) ရက်နေ့ နံနက် (၁၀:ဝဝ)နာရီ အချိန်တွင် နမ့်စန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် သေဆုံး သူမိသားစုထံသို့ ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀/-) အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၃.၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီမှ (၁၁:၃၀) နာရီအထိ ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာ၊ ကျိုက်သုတ်ဓမ္မာရုံ၌ ရွာသူ/ ရွာသား (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက် များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် များကို ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar … Read more
-
လေပြင်းဘေးသင့်ပြည်သူမျာအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥမှင်ကုန်းကျေးရွာ အုပ်စု၊ ဥမင်ကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်အချပ်ရေ (၃၀) ချပ် အမိုး လန်သွားသော အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်အား (၅-၃-၂၀၂၀) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #sgg_mar2020 Source: ကောလင်းမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၃-၂၀၂၀)ရက်နေ့ ၊ (၁၅:၂၀)နာရီ အချိန်တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာ၌ ဖြစ်ပွားသော မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု(၂)စု မှ ဘေးသင့်လူဦးရေ (၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂) ပုံး၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၆၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၂၁၆၈၀၀/-)ကျပ်အား လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၅-၃-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးကြိုတင်ကာကွယ်မှုများဆောင်ရွက်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၅.၃.၂၀၂၀)နေ့ နံနက်(၉:၃၀)အချိန် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ မီးလောင်အော်ကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး၊ အားဖြည့်ပြင်ဆင်လိုသောနေအိမ်များအား မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဖြင့် ပူးပေါင်း၍ သွားရောက်အပင်ဆင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #tny_mar2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









